Burmese Youth Association

Burmese Youth Association

Friday, March 6, 2009

အိုဘယ့် ခြင်္သေ့မြို့တော်

"တီ တီ တီ တီ Door Closing"
ကိုလတ်တစ်ယောက် မြို့ပတ် ရထားပေါ်ရောက်ချိန်တွင် လွတ်နေသော ထိုင်ခုံတစ်နေရာစာသို့ ၀င် ထိုင်လိုက်ရင်း လက်ကိုင်ကွန်ပျူတာကို ဖွင့်လို့ အင်တာနက်မှ သတင်းများ၌ ယခုလပိုင်းအတွင်း အမြဲပါနေသော သတင်းတစ်ပုဒ်ကို ဖတ်မိလေ၏။ ထိုသတင်းမှာ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းအလုပ်သမား ၁၀၀၀ကျော်ခန့်ကို မြန်မာနိုင်ငံ ရန်ကုန်မြို့ လှိုင်သာယာစက်မှုဇုံရှိ Harddisk ထုတ်လုပ်သော Seagate ကုမ္ပဏီတွင် ခန့်ထားရန် သဘောတူညီချက်စာချုပ်ကို လက်မှတ်ရေးထိုးလိုက်ခြင်းပင် ဖြစ်သည်။

ရုံးဆင်းချိန်ဖြစ်သောကြောင့် ရထားပေါ်ရှိ ခုံတိုင်းတွင် လူအပြည့် ပါရှိသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ မတ်တပ်ရပ်၍ စီးနှင်းလိုက်ပါရန်မလိုပါလေ။ အဘယ်ကြောင့်ဆိုသော် မြန်မာ့မြို့ပတ်ရထားကော်မတီ၏ ကျေးဇူးကြောင့် လူတိုင်းသက်တောင့်သက်သာ စီးနှင်း လိုက်ပါနိုင်ရန် ခုံအရေအတွက်နှင့် လူအရေအတွက် ကိုက်ညီသောအချိန်တွင် ရထားတံခါးများသည် သူ့အလိုလို ပိတ်သွားခြင်းကြောင့် ဖြစ်သည်။ သတင်းများကို ဖတ်ပြီး ကြော်ငြာများကို တစ်ချက်ကြည့်လိုက်သည်။ ထုံးစံအတိုင်း ကျန်းမာရေးနှင့်ညီညွတ်သော လယ်ယာလုပ်ငန်း၊ စိုက်ပျိုး မွေးမြူရေးအလုပ်ကြော်ငြာများတွင် မြန်မာနိုင်ငံသားများအတွက်သာဟု ပါရှိပြီး တနေကုန်တနေခန်းမတ်တတ်ရပ်၍ လုပ်ရသော၊ သို့မဟုတ် ထိုင်၍လုပ်ရသော နေ့ဆိုင်းညဆိုင်းရှိသည့် အလုပ်များဖြစ်သည့် စက်ရုံများ၊ ရုံးအလုပ်ကြော်ငြာများတွင်တော့ နိုင်ငံခြားသားများလျှောက်ထားနိုင်သည်ဟု ပါရှိသည်။ နိုင်ငံခြားသားများဆိုရာတွင် ကိုယ်ပိုင်သယံဇာတမထွက်သော၊ မြေနေရာအလွန်ကျဉ်းသော စင်္ကာပူနိုင်ငံမှ စင်္ကာပူလူမျိုးများ ထိပ်ဆုံးမှ ပါရှိ၏။

စင်္ကာပူနိုင်ငံသည် တစ်ချိန်က အရှေ့တောင်အာရှ၊ အာရှမှာပါမက ကမ္ဘာမှာပါ နာမည်ကျော်ကြားခဲ့သော နိုင်ငံတစ်ခုဖြစ်သော်လည်း ကမ္ဘာ့စီးပွားပျက်ကပ်နောက်ပိုင်းတွင် တဖြည်းဖြည်း နာမည်ကျဆင်းလာခဲ့သည်။ ကမ္ဘာ့နိုင်ငံတော်တော်များများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် ကမောက်ကမတွေဖြစ်ခဲ့ရ၍ ထိုအထဲတွင် အခြေအနေအဆိုးရွားဆုံးဒါဏ်ခံရသည်မှာ စင်္ကာပူနိုင်ငံပင် ဖြစ်လေသည်။ စီးပွားပျက်ကပ်ကြောင့် ချွတ်ချုံကျနေသော နိုင်ငံများသည် မိမိတို့နိုင်ငံသားများအတွက် အရင်ဦးဆုံး စဉ်းစားကြရလေသည်။ အစစအရာရာ ဈေးကြီးလှသော ထိုအချိန်က နိုင်ငံသားများ အလုပ်လက်မဲ့မဖြစ်ရေး၊ အစာရေစာလောက်လောက်ငှငှရှိရေးနှင့် ရေမီး နှစ်ဆယ့်လေးနာရီရရှိရေး ကြိုးပမ်းနေချိန်တွင် မည်သည့်နိုင်ငံကမျှ ပြည်တွင်းထွက် အစားအစာ၊ ရေ၊ မီးစသည်တို့ကို ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းမရှိတော့ပဲ ပြည်တွင်းတွင် စွမ်းအင်လောင်စာရရှိရေးအတွက် ဦးစားပေးစဉ်းစားနေကြသောကြောင့် အစစအရာရာ ပြည်ပနိုင်ငံများကို အားကိုးနေရသော စင်္ကာပူနိုင်ငံသည် အဆုံးရွားဆုံးအနေအထားတစ်ခုသို့ ရောက်ရှိနေလေသည်။

ရန်ကုန်တက္ကသိုလ်မှ နိုင်ငံရေးဘာသာရပ်ဆိုင်ရာပါမောက္ခတစ်ယောက် ရေးသားထုတ်ဝေထားသော ပထမကမ္ဘာမှ တတိယကမ္ဘာသို့၊ "အိုဘယ့် ခြင်္သေ့မြို့တော်"ဆိုသည့် စင်္ကာပူနိုင်ငံအကြောင်းရေးသားထားသော စာအုပ်မှာတော့ စင်္ကာပူနိုင်ငံပျက်သုန်းခြင်းအကြောင်းများကို

(၁) စင်္ကာပူနိုင်ငံ၏ ဖခင်ကြီးဟု လူသိများသော ဘိုးဘိုးလီမရှိတော့သည့် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်း အားနည်းလာခဲ့ပြီး စစ်ဦးစီးချုပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ခြင်းကြောင့် လည်းကောင်း။
(၂) နိုင်ငံသားတိုင်း စစ်ပညာမသင်မနေရဟူသော ဥပဒေနှင့်အတူ စစ်တပ်အတွက် အသုံးပြုသော ငွေကြေးပမာဏမှာ ပညာရေး၊ ကျန်းမာရေးများထက် အဆများစွာသာလွန်နေသောကြောင့် လည်းကောင်း။
(၃) ဘိုးဘိုးလီရှိစဉ်ကတည်းက ကျင့်သုံးလာခဲ့သော အယောင်ဆောင်ပါတီစုံရွေးကောက်ပွဲများနှင့် လူ့အခွင့်အရေး နည်းပါးမှုများကြောင့်လည်းကောင်း။
(၄) နိုင်ငံကောင်းကျိုးအတွက် လိုအပ်သော ပညာတတ်များ အခြားနိုင်ငံများသို့ သွားရောက်အလုပ် လုပ်ကိုင်သောအခါဖြစ်ပေါ်လာသော ဦးနှောက်ယိုစီးမှုပြဿနာများကြောင့်လည်းကောင်း။
(၅) ရေ၊ မီး မမှန်သောကြောင့် နိုင်ငံတကာမှ စီးပွားရေးလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခြင်းကြောင့်လည်းကောင်း။
(၆) နိုင်ငံသားများ၏ လစာများမှ လစဉ်စုဆောင်းငွေ(CPF)များကိုလည်း ကမ္ဘာ့စီးပွားပျက်ကပ်မှ ပြန်လည်ကယ်တင်နိုင်ရန် ကြိုးစားရင်း စုံးစုံးမြှုပ်သွားခြင်းကြောင့်လည်းကောင်း။
(၇) စစ်အာဏာရှင်စနစ်၏ ဆိုးကျိုးများအဖြစ် နိုင်ငံတကာ၏ ဖိအားပေးပိတ်ဆို့မှုများကြောင့် ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့သော Integrated Resort(IR)မှာ အလုပ်မဖြစ်ခြင်းကြောင့်လည်းကောင်း။
စသည့်အချက် ၇ချက်ကို အခြေအမြစ်ကျကျ လေ့လာဆွေးနွေးချက်များနှင့် တင်ပြထား၏။

ထိုအချက်များသာမကပဲ စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းမှာလည်း နောက်ဆုံးဖွင့်လှစ်သော Singapore Flyerကြီး မကြာခဏစက်ချွတ်ယွင်းမှုကြောင့်လည်းကောင်း၊ Sentosa၊ Underwater worldတို့ထက်ကောင်းသော အပန်းဖြေစရာများသည် အရှေ့တောင်အာရှနိုင်ငံတော်တော်များများတွင် တည်ရှိခြင်းကြောင့်လည်းကောင်း၊ ထို့အပြင် ကမ္ဘာလှည့်ခရီးသွားများ၏ အဓိက စိတ်ဝင်စားမှုများမှာ ပိရမစ်များ၊ တရုတ်မဟာတံတိုင်းကြီး၊ အန်ကောဝပ်ကျောင်းတော်၊ မြန်မာနိုင်ငံမှ ပုဂံဘုရားများ၊ ဥရောပမှ ရှေးဟောင်းနန်းတော်များ ဖြစ်သောကြောင့် လည်းကောင်း စသည်တို့ကြောင့် စင်္ကာပူနိုင်ငံ၏ ခရီးသွားလုပ်ငန်းသည်လည်း အခြေအနေတဖြည်းဖြည်း ဆိုးရွားလာခဲ့၏။

ဤကဲ့သို့ စင်္ကာပူနိုင်ငံ၏အခြေအနေ စတင်ဆိုးရွားချိန်၌ မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းစဉ်ကို စတင်ကျင့်သုံးချိန်နှင့် တိုက်ဆိုင်ခဲ့၏။ ထိုအချိန်က မြန်မာနိုင်ငံသည် မည့်သည့်စတော့ရှယ်ယာ ဈေးကွက်တွင်မှ ပါဝင်မှုမရှိခြင်း၊ ကမ္ဘာ့နိုင်ငံတော်တော်များများနှင့် အဆက်အဆံမရှိခြင်းတို့ကြောင့် ကမ္ဘာ့စီးပွားပျက်ကပ်တွင်မပါဝင်ခဲ့ပေ။ သို့သော် ထိုအချက်သည် မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရန်အတွက် အဓိကကျသော အချက်မဟုတ်ပေ။ မြန်မာနိုင်ငံပြောင်းလဲခြင်းအတွက် အရေးပါသော အချက်မှာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် အခြေချနေထိုင်ကြသော ပညာတတ်မြန်မာနိုင်ငံသားများသည် ကမ္ဘာ့စီးပွားပျက်ကပ်ကြောင့် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာခဲ့ကြပြီး စစ်မှန်သော ပါတီစုံဒီမိုကရေစီ စနစ်ကို ဖော်ဆောင်နိုင်ခဲ့သောကြောင့်ဖြစ်၏။ ထိုဒီမိုကရေစီစနစ်နှင့်အတူ မြန်မာနိုင်ငံတိုးတက်ပြောင်းလဲရေးအတွက် နိုင်ငံခေါင်းဆောင်များနှင့် ပြည်သူလူထုသည် တစ်သွေးတည်း၊ တစ်သားတည်း နေ့မအား၊ ညမအားကြိုးစားခဲ့ခြင်းကြောင့်သာ ယခုမြန်မာနိုင်ငံသည် ဤအခြေအနေသို့ ရောက်ရှိနိုင်ခဲ့ခြင်းဖြစ်၏။ ပြန်လည်ရောက်ရှိလာခဲ့သော လူများတွင် ကိုလတ်တို့လို စင်္ကာပူနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ကြုံရာကျပန်းလုပ်ကိုင်ခဲ့ကြသော မြန်မာများ၊ နိုင်ငံတကာတက္ကသိုလ်ကြီးများတွင် ပညာများသင်ယူခဲ့သော ပညာတတ်မြန်မာလူငယ်များလည်း ပါဝင်လေသည်။

ကိုလတ်တို့ စင်္ကာပူတွင် ရှိစဉ်က တစ်ရက်ကို စင်္ကာပူဒေါ်လာ ၁၇ဒေါ်လာသာ ရရှိခဲ့သောကြောင့် မြန်မာနိုင်ငံရှိမိသားစုကို ပြန်ပို့ရန် မဆိုထားနှင့် တစ်ကိုယ်ရည်သုံးစွဲရန်တောင် အနိုင်နိုင်ပင်။ ထိုကြားထဲ စင်္ကာပူတွင် အလုပ်လုပ်ရန်အတွက် ပွဲစားခကလည်း လတိုင်းဖြတ်သေးသည်။ ယခုမြန်မာနိုင်ငံရှိပွဲစားများမှာ အလုပ်သမားများထံမှ ပွဲစားခ တစ်ပြားမှမယူပဲ ကုမ္ပဏီများနှင့် နိုင်ငံတော်အစိုးရထံမှ အခကြေးငွေများကိုသာ လက်ခံကြသည်။ ကိုလတ်စင်္ကာပူတွင် နေထိုင်ခဲ့စဉ်က စိတ်အညစ်ဆုံးမှာ သွားရေးလာရေးနှင့် နေထိုင်ရေးပင်ဖြစ်သည်။ သွားရေးလာရေးတွင် အားထားစရာဖြစ်သော SMRTမှာ ရုံးတက်ရုံးဆင်းချိန်တွင် အမြဲပြည့်ကြပ်နေတတ်ပြီး နေထိုင်ရသော HDBအခန်းများမှာလည်း ယခုမြန်မာပြည်တွင်နေထိုင်လျှက်ရှိသော အိမ်နှင့်စာလျှင် အသက်ရှုတော်တော်ကြပ်လေသည်။ ယခုနေထိုင်သော အိမ်မှာ ပေ၅၀ပတ်လည် ခြံဝန်းပေါ်တွင် ၂ထပ်လုံးချင်းတိုက်လေးဖြင့် နေခြင်းဖြစ်၏။

"တီ တီ တီ တီ Next Stop တောင်ဥက္ကလာပ"

တောင်ဥက္ကလာပ ဘူတာရုံသို့ ရောက်သောအချိန်တွင် ရုံးဆင်းချိန်ဖြစ်၍ လူအများနှင့် စည်ကားနေသည်။

"Nasi Lemark, Nasi Lemark နရာချပ်၊ နရာချပ်၊ Mee Poh, Mee Poh Also နရာချပ်၊ နရာချပ်"

အိမ်အပြန်လမ်းပေါ်ရှိ လမ်းဘေးဆိုင်များတွင် ညဖက်ပိုက်ဆံအပိုလေး ရရန် အလုပ်လုပ်နေကြရရှာသော စင်္ကာပူနိုင်ငံမှ တရုတ်လူမျိုးများကို တွေ့ရသည်။ အင်း Nasi Lamark ပူပူ နွေးနွေးလေး၊ အိမ်က သားနဲ့ သမီးအတွက် တစ်ခုခုတော့ ၀ယ်သွားဦးမှပဲ။ "One Nasi Lemark and one Hokkien Mee, take away" ဆိုပြီး အိတ်ကပ်ထဲမှ လေးရာကျပ်ထုတ်ပေးလိုက်သည်။

"ငါတို့ စင်္ကာပူမှာဆိုရင် အစားအသောက်တွေကို ပြည်ပနိုင်ငံတွေကပဲ တင်သွင်းရတော့ ဘယ်မှာ လတ်ဆတ်မှာလဲ။ ဒီမှာကတော့ ကန်စွန်းခင်းထဲကနေ တစ်ခါတည်းခူးပြီး ဟင်းထဲထည့်ချက်တာ။ စင်္ကာပူကို အဓိက စိတ်ကုန်တာကတော့ မီးပျက်တာပဲကွ။ မီးပျက်လို့ ရေကျတော့ ရှိလားဆိုတော့လည်း မရှိဘူး။ အစိုးရကတော့ သုံးပြီးသားရေတွေကို NEWaterဆိုပြီး Recycleအကြိမ်ကြိမ်လုပ်ရင်းနဲ့ နောက်ဆုံး ReNEWaterဆိုပြီးတောင် ဖြစ်နေပြီ။ ငါတို့ကတော့ ရွံ့လို့ မသောက်နိုင်ဘူးဟေ့။ နိုင်ငံတစ်နိုင်ငံမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ ရေ၊ မီးမှ မှန်မှန်ရအောင် မလုပ်ပေးနိုင်တာ အုပ်ချုပ်တဲ့ သောက်အစိုးရကိုပဲ အပြစ်တင်ရမယ်နဲ့တူတယ်။ ပြီးတော့ ဒီမှာက လေကောင်းလေသန့်လည်း ရတယ်။ ငါတို့ နေတဲ့ မှော်ဘီဖက်က အိမ်မျိုး ငါ့ဒီတစ်သက် စင်္ကာပူမှာဆို နေနိုင်မယ်တောင် ထင်တာမဟုတ်ဘူး။ အခုလာမယ့် တရုတ်နှစ်ကူးမှာ စင်္ကာပူကို မပြန်ပဲ ငါ့မိသားစုကို မြန်မာနိုင်ငံခေါ်ပြီး Reunionညစာကို အိမ်နောက်ဖေးက ကွပ်ပြစ်လေးမှာ စားမလားမှတ်တယ်ကွာ"လို့ စင်္ကာပူလူမျိုးတွေ မြန်မာပြည်မှာ နေရတာကြိုက်ကြတယ်ဆိုတဲ့အကြောင်းကို အလုပ်ထဲမှ လုပ်ဖော်ကိုင်ဖက်တစ်ဦးဖြစ်သူ စင်္ကာပူလူမျိုးတစ်ယောက်က ဤကဲ့သို့ ပြောပြသည်။ စင်္ကာပူနိုင်ငံမှ ရွှေ့ပြောင်းလာသော လူအများစုသည် မြန်မာများနေထိုင်သော မြို့ထဲရှိအိမ်များတွင် မနေနိုင်သောကြောင့် မှော်ဘီ၊ ထောက်ကြံ့စသော ရန်ကုန်နှင့် မနီးမဝေးနေရာများတွင် အဓိကနေထိုင်ကြသည်။

အိမ်ပြန်ရောက်တော့ ကိုလတ်၏ သမီးက အပြေးထွက်လာပြီး ကြိုလို့ မိန်းမကတော့ မီးဖိုချောင်တွင် ဟင်းချက်နေရာမှနေ၍ "မောင် ပြန်လာပြီလား၊ အိမ်ရှေ့က သံပရာပင်က သံပရာသီးတစ်လုံးခူးလာခဲ့၊ စားပွဲပေါ်မှာ သကြားနဲ့ ဆားခပ်ထားတဲ့ ရေခဲရေခွက် အဆင်သင့်ပဲ၊ တခါတည်း ညှစ်ပြီး သံပရာရည် အေးအေးလေးသောက်လိုက်"လို့ လှမ်းအော်ဖော်ရသည်။ သံပရာရည် အေးအေးလေး သောက်လိုက်ရင်း အမောဖြေကာ သားကို လှမ်းကြည့်လိုက်တော့ ကိုလတ် စင်္ကာပူတွင် ရိုက်ခဲ့သော ဓါတ်ပုံများကို ကွန်ပျူတာနှင့် ကြည့်နေတာကို တွေ့ရသည်။ စင်္ကာပူမြစ်ဘေးရှိ Merlionရုပ်ကြီးကို နောက်ခံထားပြီး ရိုက်ထားသောပုံ၊ Fullertonဟိုတယ်အရှေ့တွင် ရိုက်ထားသောပုံ၊ Esplanadeလို့ ခေါ်တဲ့ ဒူးရင်းသီးကပွဲရုံကြီးဘေးမှာ ရိုက်ထားတဲ့ပုံတွေ။ Esplanadeဆိုမှ သတိရသည်။ ဟိုတလောက စင်္ကာပူက သူငယ်ချင်းတစ်ယောက်ပို့လိုက်တဲ့ အီးမေးလ်မှာ Esplanadeမှာ လာပြမယ့် ပြပွဲတွေ မရှိတော့လို့ အခု ကပွဲရုံမဟုတ်တော့တဲ့အကြောင်း၊ အဲဒီအောက်မှာ ဒူးရင်းသီး အရောင်းဆိုင်တွေနဲ့ အရမ်းကို စည်ကားနေတဲ့အကြောင်းတွေကို ဖတ်လိုက်ရသည်။ သားနဲ့ သမီးက သူတို့အဖေရုန်းကန်ခဲ့ရတဲ့ စင်္ကာပူဆိုတဲ့ နိုင်ငံကို သွားလည်ချင်ကြသည်။ အင်း . . . ကလေးတွေကို တစ်ခါလောက်တော့ ခေါ်သွားဦးမှ၊ ဒါပေမယ့် ဟိုမှာက ရာသီဥတုကမမှန်၊ နေပူလိုက်၊ မိုးရွာလိုက်နဲ့၊ MRTနဲ့ Busတွေဆိုလည်း အခုနောက်ပိုင်း အဲယားကွန်းမဖွင့်နိုင်တော့ ဒီအတိုင်း အလုံပိတ်ကြီး စီးလို့ ဖြစ်ပါ့မလား၊ ပူစပ်ပူလောင်နဲ့ ဟိုတယ်မှာ မီးပျက်တာတွေ ငါ့ကလေးတွေ ခံနိုင်ပါ့မလား။ အဆိုးဆုံးကတော့ လမ်းဘေးဝဲယာက တချုံးချုံးတချိန်းချိန်းနဲ့ ခုတ်မောင်းနေတဲ့ မီးစက်သံတွေပဲ။ ဆိုပြီး ကလေးတွေအတွက် တွေးပူမိသေးသည်။ အင်း ဘာပဲဖြစ်ဖြစ် စင်္ကာပူကို တစ်ခေါက်လောက်တော့ ပြန်သွားချင်သေးသည်။ ကိုလတ်တို့လို စင်္ကာပူရောက်မြန်မာတွေ တွေ့ဆုံခဲ့ကြသော ပန်နီဇူလားပလာဇာကြီးကို အဓိက ပြန်သွားချင်တာဖြစ်သည်။ အခုအချိန်မှာ မြန်မာဆိုင်များ မရှိတော့ပေ။ ထိုအဆောက်အအုံကြီးကို မြန်မာအစိုးရက ၀ယ်ခဲ့၍ မြန်မာနိုင်ငံသားများ စင်္ကာပူတွင် အလုပ်လုပ်ခဲ့ကြရပုံများကို အမှတ်တရပြသလို့ထားသည်။ အဲဒီအဆောက်အအုံကိုလည်း နာမည်ပြောင်းထားလိုက်ပြီ။ Peninsula Myanmar Museumတဲ့လေ။ ကဲ . . . ။

ဇင်ကိုလတ်

ဝန်ခံချက်။ ။ စာရေးဆရာမင်းလူ၏ နှလုံးသား ၃၈၀/၅၄ ၀တ္ထုတို စာအုပ်ကို ဖတ်မိပြီး ဤအကြောင်းရေးချင်စိတ်ပေါ်၍ ရေးသားထားခြင်းဖြစ်ပါသည်။

ဆက်လက်ဖတ်ရှူရန်...

Thursday, March 5, 2009

Berkeley Film Showing on Salween Dams in Burma

International Rivers presents...
A film festival celebrating rivers and rights
(Includes a short video on the proposed Salween Dams in Burma)

On Friday March 13 - the eve of the International Day of Action for Rivers - join International Rivers at the Gaia Arts Center in Berkeley, California for a special screening of films that celebrate rivers and shine a spotlight on the global movement to protect them. http://www.internationalrivers.org/en/events

When: Friday March 13, 2009
Where: Gaia Arts Center, 2120 Allston Way, Berkeley
When: Doors open at 6pm; films start at 7pm

Tickets are only $10 at the door. Save $2 if you buy your tickets online!

All proceeds benefit International Rivers' work to protect rivers and human rights around the world. Please show your support.

Seating is limited; call 510 848 1155 ext. 301 for tickets.

Did we mention that your ticket includes beer, wine, soft drinks, and of course popcorn?

Short films will include:

A River's Last Breath (13:58) documents one of the last descents of the Great Bend of the Yangtze River.

Origins of Rivers: Omens of a Crisis (10:41) documents the effects of climate change on the glaciers of the Tibetan. The implications are far-reaching as those glaciers are the source of most of the major river systems in Asia.

Damning the Yin Ta Lai (13:00) offers a rare look at the people and environment that could be flooded by the Weigyi dam in Burma on the Salween River. The short video documents a people threatened with extinction by Salween dams. The video taken in the Salween River area depicts the unique cultural heritage of the Yin Ta Lai ethnic tribe, of whom only 1,000 remain and the biodiversity of pristine rainforests, which will be lost if the Salween dams are built in Burma.

There will be a special private screening of the new documentary, Hasankeyf Waiting Life for supporters of International Rivers.

Hasankeyf Waiting Life (54:00) tells the story of Hasankeyf an ancient village on the Tigris river of over 5,000 mostly Kurdish inhabitants. It is a community that lives under the threat of the building of the Ilisu Dam a dam that if completed would submerge the village under 30 meters of water.

www.hasankeyfwaitinglife.com

Co-sponsored by: Food and Water Watch, Global Exchange, Grey Water Alliance, and the Tuolumne River Trust

For more information about the Salween dam plans in Burma please visit www.salweenwatch.org and www.burmariversnetwork.org

ဆက်လက်ဖတ်ရှူရန်...

Bay Area's 2010 Census Meeting Reminder


Dear Community, Friends, Organizations and Individuals,

You are cordially invited to join us in the community town hall meeting to discuss further action-items for the U.S Census 2010 for the benefits of all the people came from Burma.


Place:
Oakland Burmese Mission Baptist Church
534 22nd Street
Oakland, CA 94612
Cross street Telegraph Avenue.
(Please enter the building from the 22nd Street side door.)

Time: 1-3pm

Date: 3/7/2009 (Saturday)

Please pass around this invitation to your friends and communities.

If you want to know more about why this is an important issue for the people of Burma in the U.S, please check out the following link. http://www.usburmesecensus.net

Thanks.
2010 US Census Committee for the People of Burma



ဆက်လက်ဖတ်ရှူရန်...

သကြားမင်းကြီး

မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီး နတ်ပြည်နဲ့ ငရဲပြည်တို့ဟာ အမြဲတမ်းထိပ်တိုက်ဖြစ်နေကြတယ်။ နတ်ပြည်က ပေါတာကြီးသန်းရွှေကို အရေးယူဖို့ အဆိုပြုတိုင်း ငရဲ ပြည်ကကန့်ကွက်တယ်။ ငရဲပြည်က ဒါဟာ ပြည်တွင်းရေးလို့ ဆင်ခြေပေးလေ့ရှိတယ်။ ပေါတာကြီးကိုအရေးမယူနိင်အောင်နည်းမျိုးစုံနဲ့ အကာကွယ်ပေး နေတယ်။


ဘာဖြစ်လို့လည်းဆိုတော့ပေါတာကြီး ဆိုးမိုက်နေသမျှ ငရဲပြည်က အတော့လေးကို အကျိုးရှိနေသတဲ့။ ပေါတာကြီးသန်းရွှေက မန္တလေးဘီယာထဲမှာ မိုက်တွင်းနက်စေတဲ့ ဆေးတွေကို ထည့်ရမယ်လို့ လျှိုလ်ဝှက်ညွန်ကြားထားတဲ့အတွက် မြန်မာတွေ ဟာ ဘယ်ခေတ်နဲ့ မတူလောက်အောင်ကို အကျင့်စာရိတ္တ ပျက်စီးနေကြသတဲ့။ ခိုးတယ်။ အသေးအမွှားကစ လိမ်တယ်။ ယိုင်းပင်းကူညီစိတ်တစက်မှမရှိဘူး။ မေတ္တာတရား တွေနည်းလာတယ်။ လူလိမ်၊ဘုန်းကြီးလိမ်၊ဆရာလိမ်တွေ တွေတောင်ဒုနဲ့ဒေးဖြစ်လာတယ်။ သူတို့ သေရင် ငရဲပြည်ကိုဗီဇာမလိုပဲ ရောက်ကုန်ကြတဲ့အတွက် ငရဲ ပြည်ဟာ အလွန်ကို စီးပွားတက်လာတယ်ဆိုပဲ။ ငရဲပြည်မှာ သင်္ကန်းတွေကို တ၀က်ဈေးနဲ့ ပြန်ရောင်းတာတောင်အတော်တွက်ချေကိုက်ဆိုပဲ။

အရင်က အလုပ်လက်မဲ့ဖြစ်နေတဲ့ငရဲသားတွေဟာ မြန်မာပြည်ကနေ ငရဲကျလာတဲ့ လူ၊ ဘုန်းကြီး၊ ကျောင်းဆရာ၊ ဆရာဝန်၊ ရှေ့ နေ ၊ မင်းသမီး၊မင်းသား တွေ ကို နိပ်စက်ကလူ လုပ်ရတဲ့ပရောဂျက်တွေ ကြောင့် အတော့လေးကို စီးပွားတက်လာကြတယ်။ ငရဲပြည်မှာ ဂျီဒီပီ တောင်တက်လာတယ်ဆိုပဲ။ ဘာဂျက်ပိုငွေ ပြနေတယ်။

ပြောင်းပြန်အား ဖြင့် နတ်ပြည်တော့ မြန်မာ ပြည်က လာနေကြ နတ်သားဦးရေဟာ အတော့လေးကို နည်းလာသတဲ့။ ၈၈ ဖြစ်တုံးကရောက်လာတဲ့နတ်သားတွေပြီးကတည်း နောက်ထပ်မရောက် သလောက်ဖြစ်လာ တဲ့အတွက် နတ်သားဦးရေ သိသိသာသာ လျော့ကျပြီး နတ်ပြည် ဆိုင်ရာ လုံခြုံရေးကို ထိခိုက်နေပြီလို့ တာဝရိန်သာတိုင်း သတင်းစာကြီးက မကြာခဏ သတိပေးနေရတယ်။

ဒီလိုဖြစ်ရတာဟာ နတ်ပြည်ကို အုပ်ချုပ်နေတဲ့ သကြားမင်းကြီး ကြောင့်လို့ဝေဖန်ရေးကြတယ်။ နတ်အတိုက်အခံ တွေကလည်း သကြားမင်းကြီးဟာ ဗာကေးရှင်းယူတာများတယ်။ နတ်သမီးတွေနဲ့ ရှုပ်တယ်။ ဒီတခေါက် ရွေးကောက်ပွဲမှာ သကြားမင်းကြီး ပြုတ်နိင်တယ်စသဖြင့် သောက်ရမ်းကာရောရေးနေကြသတဲ့။


ဒီကြားတဲမှာပေါတာကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာအကျယ်ချုပ်သက်တန်း တနစ်ထပ်မံ တိုးလိုက်တဲ့အခါမှာ နတ်ပြည်နဲ့ ငရဲပြည် စကားများရပြီး နတ်ပြည်ဟာ စစ်တိုက်ရမ လိုဖြစ်လာ တဲ့အထိတင်းမာလာတော့တယ်။ စစ်ဖြစ်ရင် နစ်နိင်ငံစလုံးနာမယ်။ ဒီတော့ လျှိုလ်ဝှက် သဘောတူညီချက်တခုကိုလုပ်လိုက်တယ်။ ပေါတာကြီးသန်းရွှေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ခေါင်းဆောင် ဦးအောင်ရွှေတို့ တယောက်ချင်းချပါစေ။ တယောက်ယောက်သေသွားရင် အရှုံးအနိင်ပေါ်မယ်။ သကြားမင်းကြီး နဲ့ ငရဲ မင်းကြီး သဘောတူညီချက်ကို လုပ် ပြီးတဲ့အခါမှာ ကိုယ်စားလှယ်တွေ လွှတ်ပြီးသွား ဆွေးနွေးခိုင်းတယ်။ ငရဲမင်းကြီးက ပေါတာကြီးတို့အဖွဲ့ ကိုသွားဆွေးနွေးတယ်။ ပေါတာကြီးက ငါသွားမယ်လို့ ပြောတဲ့အခါမှာ ငမူးမောင်အေးရော၊ သောက်ရမ်းရွှေမန်း ရောက သဘောတူတယ်။ သကြားမင်းကြီးကလည်း ဒီချုပ်ခေါင်းဆောင်တွေကို သွားပြီး အစီအစဉ်ကိုဆွေးနွေးပြတယ်။

ဒီချုပ်ထဲမှာတော့ ပေါတာကြီးနဲ့တယောက်ချင်းချဖို့ ခေါင်းဆောင်ကို ရွေးလို့ မရဘူးဖြစ်နေတယ်။ နင်သွားငါသွား နဲ့ တွက်ကပ်နေကြတယ်။

နောက်တကြောင်းကလည်း တယောက်ထဲလွှတ်လိုက်ရင် ပေါတာကြီးနဲ့ လျှိုလ်ဝှက်သဘောတူညီမှု ယူလိုက်မှာကိုလည်း စိတ်မချနိင်ဘူးဖြစ်နေကြတယ်။ ဒါနဲ့ ဒီမိုကရေစီနည်းကျကျ အားလုံးသွားမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီချုပ်ဆုံးဖြတ်ချက်ကို ကြည့် ပြီးသကြားမင်းကြီးလည်း စိတ်ပျက်သွားတာပေါ့။ ဒါနဲ့ ငရဲမင်းနဲ့ ပြန်ပြီးဆွေးနွေးရတယ်။ ကျူပ်လူတွေကတယောက်ချင်း ချတာကို သဘောမတူဘူး အားလုံးနဲ့ ချရမှချမယ်လို့ ဆိုတယ်လို့ ဆိုတော့၊ ငရဲမင်းကြီးက ပေါတာကြီးကို ဖြစ်လားလို့ မေးတော့ ပေါတာကြီးက တယောက်နဲ့  ၁၀၀လာလည်းချမယ်။ စိန်လိုက်လို့ ဆိုလိုက်တဲ့အတွက် စိန်ခေါ်ပွဲဟာ အထမြောက် သွားတော့တယ်။

ဒါနဲ့ ပေါတာကြီးနဲ့ ဒီချုပ် အလုပ်မှုဆောင်တွေကိုခေါ်ပြီး အိန္ဒိယသမုဒ္ဒရာထဲက ကျွန်းတကျွန်းပေါ်ကို ခေါ်သွား ကြတယ်။ ငရဲမင်းကြီး နဲ့သကြားမင်းကြီးက မင်းလူလည်းမကူနဲ့ ငါ့လူလည်းမကူကြေးလို့ ကတိပြုကြတယ်။ သူတို့ ကို ကျွန်းကြီးပေါ်တင်ပြီးပြန်ခါနီးမှာ သူလူကိုယ်လူ မှာစရာရှိတာတွေကို မှာနေကြတယ်။ ငရဲမင်းကြီက သူတပည့်ပေါတာကြီးကို ဒီကောင်တွေကို အသေချပေတော့ လို့ မှာတယ်။ ပေါတာကြီးက စိတ်သာချလို့ အာမာခံ တယ်။

သကြားမင်းကြီးကတော့ ဒီချုပ်အမှုဆောင်တွေအတွက် အတော့ကို စိတ်ပူရှာတယ်။ ဒီတော့ ငရဲမင်းကြီး အလစ်မှာ ဦးအောင်ရွှေနားကိုကပ်ပြီး ခဲတံတချောင်း အသာကပ်ပြီးပေးလိုက်ရင်း ဒီခဲတံက သာမန်ခဲတံမဟုတ်ဘူး ဆူပါမက်ဂျစ်ခဲတံ( Super Magic Pencil) ခင်ဗျားလိုတာတွေကို မြေကြီးပေါ်မှာပုံဆွဲလိုက်အကုန်ဖြစ်လာလိမ့်မယ်လို့  ဆိုတယ်။

ဒါနဲ့သကြားမင်းကြီးနဲ့ ငရဲမင်းကြီးတို့ ပြန်သွားကြတယ်။ သူတို့ ပြန်သွားကြတဲ့အခါမှာတော့ ပေါတာကြီးဟာ ဒိုက်အကြိမ် ၁၀၀ ထိုးလိုက်တယ်။ ပြီးတော့ ခွေးမသားတွေ ငါအကြောင်းသိစေရမယ်လို့ ဒီချုပ်ခေါင်းဆောင်တွေကို ကြိမ်းဝါး ပြီး သစ်ဝါးတွေခုတ်ပြီး အချုပ်ခန်းတခုဆောက်နေသတဲ့။

ဒီချုပ်က လူကြီးတွေလည်း သူမအားသေးဘူးထင်ပါတယ်။ တရေးလောက်အိပ်လိုက်ကြစို့ ဆိုပြီး အိပ်လိုက်ကြတယ်။ ပေါတာကြီးက အိပ်ပျော်နေတဲ့ ဒီချုပ်ခေါင်းဆောင်တွေကို တယောက်ပြီး တယောက် ဖမ်းပြီးထောင်ချလိုက်တယ်။ သူတို့နိုးလာတဲ့အခါမှာတော့ ထောင်ထဲရောက်နေတာကိုတွေ့လိုက်ရတယ်။ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိကြတော့ဘူးဖြစ်သွားကြတယ်။ ဒီအခါမှာ ဦးအောင်ရွှေက ဘာမှမပူနဲ့ အမူဆောင်တို့ ကျနော်မှာ သကြားမင်းကြီးပေးသွားတဲ့ခဲတံရှိတယ်။ လိုချင်တာကိုပုံဆွဲလိုက်တာနဲ့ ဖြစ်လာစေမယ်လို့ဆိုတယ်။ ဘာပုံဆွဲရင်ကောင်းမလဲဆိုတာကို အစည်းဝေးထိုင်လိုက်ကြတယ်။ တယောက် တပေါက်ငြင်းနေကြတာနဲ့  နေ၀င်သွားသတဲ့။

မနက်ကြမှဆက်ဆွဲတာပေါ့ဆိုပြီး အိပ်ရေးဝမှာပုံလှလှဆွဲနိင်မယ်လိုပြီး စောစောဝင်အိပ်လိုက်ကြပြန်တယ်။ နိုးလာတော့ ဆက်ပြီးအစည်းဝေးထိုင်ကြတယ်။ တယောက်က တင့်ကားပုံဆွဲသင့်တယ်။ တင့်ကားဖြစ်လာရင် တင့်ကားနဲ့ ပေါတာကြီး ကို ပြစ်နိင်တယ်လို့ ဆိုတယ်။ ဒီအခါမှာ ကျန်တဲ့သူတွေက ကန့်ကွက်တယ်။ တယောက်က တင့်ကားဆွဲလို့ မဖြစ်ဘူး ဒေါ်အောင်ဆန်းစုကြည်ပေါ်လစီနဲ့ မကိုက်ဘူးလို့ဆိုတယ်။ တယောက်က အကြမ်းမဖက် ငြိမ်းချမ်းရေးလမ်းစဉ် ကိုဆန်ကျင်နေတယ်လို့ဆိုတယ်။ဒါနဲ့ တင့်ကားပုံ ဆွဲမဲ့အစီအစဉ်ကို ဖျက်လိုက်တယ်။

ဒီအခါမှာ အမှုဆောင်တယောက် က သဘာပတိကြီးခင်ဗျား။ လူပုံတွေအများကြီးဆွဲလိုက်ပါ။ ဒါဆိုရင် လူတွေဖြစ်လာမယ်။ လူတွေဖြစ်လာရင် ပေါတာကြီးကို ဆန္ဒပြခိုင်းနိင်တယ်လို့ အဆိုပြုတယ်။ ဒါပေမဲ့လည်း ကျန်တဲ့သူတွေက ကန့် ကွက်ကြပြန်တယ်။ ဟာ မဖြစ်ဘူးကွ လူတွေသေကုန်ရင် ဒို့ ခေါင်းပေါ်ကျ လာမယ်။ တာဝန်မခံသင့်ဘူးလို့ ဆိုတာနဲ့ လူပုံတွေဆွဲမဲ့ အကြံကိုလည်း လက်လျော့လိုက်ကြ ပြန်တယ်။

နောက်ဆုံးမှာတော့ အကြံတခုရသွားကြတယ်။ ဒီအကြံကောင်းတယ်လို့တညီတညွတ်တည်း ဆုံးဖြတ်တယ်။ အကြံ အတိုင်း ပုလင်းပုံနဲ့ စာရွက် ပုံဆွဲလိုက်တယ်။ ပုလင်းနဲ့ စာရွက်ဖြစ်လာတယ်။ စာရွက်ပေါ်မှာ စာရေးပြီးပုလင်းထဲကို ထည့်ပြီးရေထဲမျော်လိုက်ကြတယ်။ ပေါတာကြီးက ဒီချုပ်ခေါင်းဆောင်တွေ ကိုထောင်ထဲ မှာထည့်ပြီး အစာရေးစာ အငတ်ထားလိုက်တဲ့အတွက် ဒီချုပ်ခေါင်းဆောင် တယောက်ပြီးတယောက် မလကီးယားကြွ သွားကြတယ်။ ငရဲမင်းကြီးက ဂျိုလ်ကြီးကို သပြီး သကြားမင်းကြီးဖက်ကိုလှည့်က ခင်ဗျား လူတွေတော့ သေကုန်ပြီး ကတိ အတိုင်း ပဲ ခင်ဗျား မြန်မာအရေးကိုဝင်ရှုပ်နဲ့ တော့လို့ ပြောပြီးငရဲပြည်ကိုပြန်သွားတယ်။

်သကြားမင်းကြီးလည်း စိတ်ပျက်လက်ပြက်နဲ့ တော်တော်ညံတဲ့ကောင်တွေပဲ လို့ ညီးတွားရင်းနတ်ပြည်ကို ပြန်တက်ဖို့ အလုပ် ပင်လယ်ထဲမှာတလက်လက်နဲ့ မျောလာတဲ့ပုလင်းလေးကို တွေ့ တာနဲ့ ဘာလေးပါလိမ့် ဆို ပြီး ရေထဲက ဆယ်လိုက်တယ်။

ပုလင်းထဲက စာကို ဖတ်လိုက်တဲ့အခါမှာတော့ Free Aung San Suu Kyi လို့ ရေးထားတာကိုတွေ့လိုက်ရသတဲ့။

P.S This post is copied from Ko Moe Thee's Blogspot. Thanks.

ဆက်လက်ဖတ်ရှူရန်...